ဝါးခယ်မ နိုဝင်ဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၈)နာရီက ကျေးရွာအုပ်စု(၃)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ ရေလိန် ကျေးရွာအုပ်စု၊ အနောက်ဒရင်း ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့် (၉၄)ဦး၊ အသက် (၁၈)နှစ်ပြည့် (၉၄)ဦး၊မိတ္တူ(၁၃)ဦး၊ လဲလှယ်(၂၃)ဦး စုစုပေါင်း(၂၂၄)ဦး တို့အားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး