ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခြင်းမရှိသည့် ဟိုပန်ကျေးရွာအုပ်စုနေပြည်သူများအား ပထမအကြိမ် ထိုးနှံခြင်းဆောင်ရွက်

ကာလိ     နိုဝင်ဘာ    ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကာလိမြို့ ဟိုပန်ကျေးရွာအုပ်စု နေပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက်()နာရီ အချိန်ခန့်က ဝမ်ဆတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ဟိုပန်ကျေးရွာစုအုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများတို့က သွားရောက်ကူညီ ဆောင်ရွက်၍ ကြီးကြပ်ဆောင်ရွက်ပေးကာ ဟိုပန်ကျေးရွာအုပ်စုမှ ဟိုပန်ကျေးရွာ၊ ဝမ်ဆတ်ကျေးရွာ ပန်လုံကျေးရွာ နမ့်ဟူးလိန်ကျေးရွာ နမ့်လန်ကျေးရွာ ၊ နားဟိုက်ကျေးရွာ နောင်ခမ်းကျေးရွာ ပါကွေ့ကျေးရွာ ဆိုင်းခေါင်ကျေးရွာရှိ  ပြည်သူများ (၃၆၅)ဦး တို့အား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျော် (ကာလိ)