အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့်ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ကလပ်အသင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဖိတ်‌ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေး‌ပွဲ အခမ်းအနားအား ယမန်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာ‌ဖူဆယ်ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားတူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဖူဆယ် အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက် (၉) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အောင်ပွဲအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Nov 15,2021
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာ၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Nov 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်) ထိုးနှံခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း စုရပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးလျက်ရှိသည်။
Nov 15,2021
ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူမျာအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၉)နာရီက ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့သည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပဆောင်ရွက်ကြောင်း သိရှိရသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ခြင်းကို ယနေ့နံနက် ၉နာရီက၊ ဖျာပုံမြို့နယ် သဲအိမ်ကျေင်းစုကျေးရွာအုပ်စု၊ ဘုန်းတော်ကြီး ကျောင်း တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက် တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာ ထန်းပင်မြစ် ပျိုးထောင် ရောင်း ချနေသည့် ဦးတင်ဝင်းထံက သိရသည်။