ငရုတ်ကောင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီက မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်နှင့်ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက် သွားလာပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍သွားလာကြရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသူများနှင့် တွေ့ဆုံစကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းတို့မှ ရှောင်ကြဉ် ကြရန် လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ရန်၊ ပြင်ပမှလာရောက်သည့်ဧည့်သည်များအား လက်မခံကြရန်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံရှိသူများကို ရောဂါကူးစက်မှုမခံရအောင် ဂရုပြုနေထိုင်ကြရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ဆေး ကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူ အားလုံးလိုက်နာပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးတို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)