ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း   နိုဝင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ယနေ့ နေ့လည်(၂)နာရီခွဲ အချိန်ကစာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပထမဦးစွာကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ် ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီ  မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌဦးလှိုင်ဝင်း ကဦးဆောင်ပြီး စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "လူကြီးနှင့်လူငယ်ကွာဟမှု "စာအုပ်မှလူကြီးများ၏ စိတ်နေစိတ်ထားနှင့် ယနေ့ခေတ်လူငယ်တို့၏ လေ့လာချင်စိတ်၊ သိမှုတတ်မှုတို့အား အကျိုး၊အပြစ်ခွဲခြား ဆင်ခြင်နိုင်မှုများကိုပုံဖော်ရေးသားထားခြင်းကိုဆွေးနွေးပါသည်။

ဆက်လက်ပြီးBook Club အဖွဲ့ဝင်များဖြစ်သော ဦးမြတ်ထွန်းနှင့် ဦးတင်ရွှေတို့မှ "ပညာမာနဆိုတာ ထားကောင်း ပါတယ်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Clubအဖွဲ့ ဝင်ဖြစ်သော ဒေါ်စန်းစန်းမြင့်က"လက်တွေ့လုပ်ဖို့က အရေးကြီးတယ်" ခေါင်းစဉ်ဖြင့် လူငယ်ပညာပေးကဏ္ဍဆောင်းပါးများကိုအသီးသီးဆွေးနွေးကြပါသည်။

ထို့နောက် တတ်ရောက်လာကြသောစာအုပ်စာပေချစ်မြတ်နိုးသူBook Clubနှင့် Yuth Clubအဖွဲ့ဝင်များက ခေါင်းစဉ်ပါ အကြောင်းအရာ အားတစ်ဦးချင်းစီမှမိမိတိုအမြင်များအားအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)