အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင် စွာ    ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍  ပထမအသုတ် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် တည်ဆောက်လျက်ရှိသည့် Oxygen Plant အတွက် စက်ပစ္စည်းများ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိသည်။
Nov 16,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေ ဝါသနာရှင်များစုပေါင်း၍ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် လောကကိုအရှုံးမပေးနှင့် စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ နိုဝင်ဘာ ၁၆ ရက်နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်း ရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍ စာရေးဆရာ မောင်မြင့်ကြွယ် ဘာသာပြန်ဆို သည့် “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား” စာအုပ်ဖြင့်စာ ဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အသက်(၅၅)နှစ်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ဒုတိယအသုတ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၁၇၂၄၅)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။
Nov 16,2021
တနသ်ာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် သင်းကျွန်းကျေးရွာ အ-မ-က စာသင် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း ကျင်းပ ပြုလုပ်သည့် (၂၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာရှိ ပါဠိဝါစကကျောင်းတိုက်တွင်ကျင်းပသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်​ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။