အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသောဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားဖြစ်ကြသော တိုင်းရင်းသား များနှင့်ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့် အညီအိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား မိဘပြည်သူများ သိရှိနိုင်စေရေးအတွက် ပန်းခင်းစီမံချက်အ​သိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့​သည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက်(၁၂) နှစ်နှင့်အထက်​ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)၊ အ.ထ.က(ဂုံညှင်းတန်း)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က(ကျောင်းဦး)၊ အ.ထ.က(ပဲကြီး) တို့တွင် ဆေးထိုးစုရပ်(၇)ခုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
၂၀၂၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအ ခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားဝါ သနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်  လူငယ်နဲ့  အထက်တန်းစားစိတ်ဓာတ်   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို နိုဝင်ဘာလ(၁၆)ရက်၊ နံနက်(၁၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ သဲချောင်းကျေးရွာအုပ်စု၌ လည်းကောင်း၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရေကန်တောင်ကျေးရွာအုပ်စု၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်   ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေး၊ကျောင်းသား/သူများ အေးချမ်းဘေးကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် (Grade-6 မှGrade-11) အတန်းများမှ (ပထမ)အကြိမ်၊ Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည့် အသက်(၁၂)နှစ်အထက်ကျောင်းသူ/သား ကျောင်းသူများအား ယမန်နေ့မှနံနက်ပိုင်းစ၍ (ဒုတိယ)အကြိမ်အဖြစ် ဆေးထိုးစုရပ်(၅)နေရာတွင် တစ်ပြိုင်တည်း စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Nov 16,2021
၂၀၂၁ခုနှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် Physical Fitness Dance နည်းပြသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီခွဲက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။