အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၃၁)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
Nov 16,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အများပြည်သူများအသိပညာ ဗဟုသုတပြည့်ဝရေး၊ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ လူငယ်များ စာဖတ် သည့်အလေ့ အထများဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ပြောရဲ ဆိုရဲရှိလာစေရေး၊ စာပေမှရရှိလာသော သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာစေရန်ရည်ရွယ်၍ စာပေဝါ သနာရှင် လူငယ်များနှင့် ပူးပေါင်းလျက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင်ပြုလုပ်သည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက်အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနနက် ၉ နာရီမှ စ၍ ခနောင်တို အရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယ အကြိမ်(ဒုတိယနေ့) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) သင်တန်း ဖွင့်ပွဲ ကျင်းပ​ရာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့မှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်း (VDP)နှင့် စပ်လျဉ်း၍ ရှင်းပြောကြားသည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အများပြည်သူများ အား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့် သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော်လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ(၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာ စောင်ပြသခြင်းအား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်း ခင်းများဆီသို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ‌ကျောင်းအပ်နှံပြီးသော အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(၁)ကျောင်း၌ စုရပ်အဖြစ် ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
Nov 16,2021
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မဓမ္မာရုံ၌ ကျင်းပသည်။