အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။
Nov 16,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း) ကစီစဉ် ကျင်းပသည့်​​ မကြာမီကျ​ရောက်မည့် (၁၀၁)ကြိမ်​မြောက်အမျိုးသား​နေ့ အထိမ်းအမှတ် ဉာဏ်စမ်း စကားပုံဆက်ပြိုင်ပွဲကို ယ​နေ့နံနက် ၁၀ နာရီတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန( Community Centre) ၌ ကိုဗစ်-၁၉​ ​ရောဂါကာကွယ်​ရေးအတွက် ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဝေဠုဝန် မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် ကျင်းပခဲ့ကြသည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၌ ၁၀၈ ကြိမ်မြှောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီ အာယုဂဏန အဘရ စေတီတော်အတွင်း ကျင်းပပြုလုပ်သည်။
Nov 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၄၀ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Nov 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါ မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲနှင့်ဟောပြောပွဲအား ယနေ့နံနက် ၉ နာရီအချိန် က အဆို ပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။