အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရေဦးမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၁ - ၂၀၂၂ ခုနှစ်တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးဌာနခွင့်ပြု ဘဏ္ဍာရန်ပုံ ငွေဖြင့် နို၀င်ဘာလ ၁၆ ရက်က အောင်ဆန်းရပ်ကွက် ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Nov 16,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် စတုတ္ထအသုတ်( ပထမအကြိမ်) ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေး များ ကိုဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့ပေါ်ရှိ အမှတ်(၁ )၊ အမှတ်(၂) ၊အမှတ်(၃) ၊အမှတ်(၄)ရပ်ကွက် နှင့် လက်စွေ့ကျေးရွာရှိ စုရပ်နေရာအသီးသီး၌ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲ ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်းအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Nov 16,2021
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူလေးများအား ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို နိုဝင်ဘာ(၁၆)ရက် နံနက်(၉)နာရီအချိန်တွင် အ-ထ-က ၊ ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက (ဒုတိယနေ့) အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက Hand Speakerဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည် ၊