ဖျာပုံမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲ ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်​ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ကလေးများကိုယ်ကာယ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သောလူငယ်၊ လူရွယ်များဖြစ်လာစေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရုပ်ပုံများအား ဆေးရောင်ခြယ်ခြင်းနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများဖြစ်သော ခါးကွင်းလှည့်ကစားခြင်း၊ ခွက်နင်းလမ်း​လျှောက်ကစားခြင်းပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်