မံစီ နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ နိုဝင်ဘာ ၁၆ ရက်နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်း ရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍ စာရေးဆရာ မောင်မြင့်ကြွယ် ဘာသာပြန်ဆို သည့် “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား” စာအုပ်ဖြင့်စာ ဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီမှူး ဒေါ်မြတ်နန်းခိုင်က ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားကာ စာပေချစ်မြတ်နိုးသူအချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် တက် ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်မြင့်ကြွယ် ဘာသာပြန် ဆိုသည့် “အကြွင်းမဲ့ ခေါင်းဆောင်မှု သဘောတရား” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ ခေါင်းစဉ်တစ်ခုစီ ဖတ်ကြားပြီး မိမိတို့၏ ထင်မြင် ယူဆချက်များ၊ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)