ပျော်ဘွယ် နိုဝင်ဘာ ၁၆
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေ ဝါသနာရှင်များစုပေါင်း၍ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် လောကကိုအရှုံးမပေးနှင့် စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးပြီး တက်ရောက်လာသူ များက သုတေသီဘုန်းမြင့်သွေး ရေးသားသည့် လောကကိုအရှုံးမပေးနှင့်စာအုပ်ပါ အကြောင်းအရာ များကိုဖတ်ရှုကာ စာဖတ်သူတစ်ဦးအနေအဖြင့် ကိုယ်ပိုင်အတွေးအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)