အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်ရှိ အသက် ၁၂နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မှစ၍ သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ ဆေးထိုးစုရပ်စင်တာ(၁၁)ခုတွင် ဒုတိယကြိမ် (ပထမ)ရက်အဖြစ် စတင်ထိုးနှံပေး လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Nov 16,2021
၂၀၂၁ခုနှစ်၊ နို၀င်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် မျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး​ဟောပြောခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ် ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က အသိပညာပေး ဟောပြော ဆောင်ရွက် ခဲ့သည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာ စေရန်၊ အတွေးအခေါ် အသိအမြင် များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်၊ ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က လူထု အခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့၌ ၁၀၈ ကြိမ်မြှောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီ အာယုဂဏန အဘရ စေတီတော်အတွင်း ကျင်းပပြုလုပ်သည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်တွင်  ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့ နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက် (၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက် (၉)နာရီအချိန်ခန့်တွင်    အ-ထ-က ၊ ပလောက်ကျောင်း ခန်းမ၌ ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော် ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခဲ့သည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၆ နာရီ အချိန်က ယာယီပျံကျဈေး အနီးတွင် ဆောင်ရွက်ခဲ့သည်။