သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း နို၀င်ဘာ    ၁၆

တနသ်ာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် သင်းကျွန်းကျေးရွာ အ-မ-က စာသင် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင်  သရက်ချောင်းမြို့နယ်ရုံးမှဦးစီးအရာရှိ ဦးမောင်မောင်လွင် နှင့်၀န်ထမ်းများက သင်းကျွန်းကျေးရွာ အတွင်းနေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၃)ဦး၊ အသက်(၁၈) နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား(၆)ဦး၊  စုစုပေါင်း (၅၉)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိပြီး မိမိတို့မွေးဖွားရာဇာတိမြေ အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိမြေတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေထိုင်သူများအနေဖြင့်  မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန  မြို့နယ်ဦးစီးမှူး ရုံးမှ သိရ သည်။

အေးနွယ်၀င်း