အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် တန်ဆောင်တိုင်လပြည့်နေ့၌ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအနေဖြင့် ယမန်နေ့ ညနေပိုင်း ၆ နာရီအချိန်မှစတင်ပြီး ရှေးဟောင်း သမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုး၊ စေတီများ၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိကပ်လှူ ပူဇော်ခြင်းများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက ်ပေးလျက်ရှိရာ နိုဝင်ဘာ(၁၆)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ဦးရေ ၂၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရေး၊ စာပေဗဟုသုတများကို ဆွေးနွေး တတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ဝန်ထမ်း ကျင့်ဝတ် စည်းကမ်းများကို သိရှိနားလည်စေရေး၊ လုပ်ငန်းများလုပ် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 19,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆို သည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေး အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်း များက ရန်ကုန်သစ်ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 19,2021
လမ်းမတော်မြို့နယ် UMFCCI တွင် Young Leaders Program (YLP) အစီအစဉ်ဖြင့် MBAပညာ သင်ဆုလျှောက်ထားနိုင်ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology (Mobnbukagakusho: MEXT) မှ Young Leaders Program (YLP) အစီအစဉ်ဖြင့် Master of Business Administration (MBA) (၁)နှစ် ပညာသင်ဆု အစီအစဉ်သို့ လျှောက်ထားနိုင်သည်။
Nov 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက်​ ယောမင်းကြီးရပ်ကွက်နေ ပြည်သူ စုစုပေါင်း (၂၁၅)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၁၂) နှစ်နှင့် အထက်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။