ကရသူရိမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကရသူရိ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၁၂) နှစ်နှင့် အထက်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို မြို့ကျန်းမာရေး   ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မကျော်သူများကို မိဘအုပ်ထိန်း သူများ၏ သဘောတူညီခွင့်ပြုချက်ဖြင့် (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထအကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့တွင် ၎င်းကျောင်းသား/ သူများကို ကာကွယ် ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး ကျောင်းသား/ ကျောင်းသူပေါင်း (၁၃၆) ဦးရှိပြီး နိုဝင်ဘာလ (၁၉) ရက်နေ့မှစ၍ ဒုတိယအကြိမ် (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ မြို့အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)