Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၈နှစ်အထက်နှင့် သတ်မှတ် ဆေးထိုးအုပ်စုများထဲတွင် ပါဝင်ကြသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး…
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေး အုပ်စု အလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင်ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်း ကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက် ထိုးနှံ ပေး လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ ပန်ဆောင်မြို့၌ တစ်ပိုင်တစ်နိုင် အေလာဂျီ စိုက်ပျိုးနေသူများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ဒေသခံတောင်သူများမှ တစ်ပိုင်တစ်နိုင် အေလာဂျီ စိုက်ပျိုးရေး လုပ်ငန်းများအား မိသားစုဝင်ငွေ တိုးတက်ရေးအတွက် စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၅၅)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့၊ ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ ကျား ၁၆၅ ဦး၊ မ ၂၅၆ ဦး စုစုပေါင်း ၄၂၁ ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်
Nov 19,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဥ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကဗျာရွတ်ခြင်း အစီစဉ်တွင် စာပေးနှင့် ယဉ်ကျေးမှု ကော်မတီက ရေးသားပြုစုသည့် ကူညီတတ်သော ငှက်ကလေးပုံပြင်နှင့် ကြောက်စရာ ရောဂါကဗျာတို့နှင့် ယနေ့တွင် စာရေးဆရာ ညွန့်လှိုင်ဝင်း ရေးသားပြုစုသည့် နှလုံးသား ဥယျာဉ်ကဗျာ စာအုပ်နှင့် စာရေးဆရာ ပေါက်ပေါက် ရေးသားပြုစုသည့် စာနာ အလိုက်သိစွာ အတွေးအမြင် အနုပညာ စာအုပ်တို့ကို စာအုပ်မိတ်ဆက်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကျင်းပ
Nov 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဒေသံသန္တရကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရမ်းဗြဲမြို့၌ (၁၄)ကြိမ်မြောက် ဆီမီးတစ်ထောင် ပန်းတတစ်ထောင် လှည့်လည်ပူဇော်ပွဲနှင့် ပထမအကြိမ် ရခိုင်မုန့်တီ စတုဒီသာကျွေးမွေးလှူဒါန်းပွဲကျင်းပ
Nov 19,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုယ်ရံတောင်စေတီတော်မြတ် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူး၍ (၁၄)ကြိမ်မြောက် ဆီမီးတစ်ထောင် ပန်းတစ်ထောင် လှည့်လည်ပူဇော်ပွဲနှင့် ပထမအကြိမ် ရခိုင်မုန့်တီ စတုဒီသာကျွေး မွေးလှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့လုံးဆိုင်ရာ (၁၀၇)ကြိမ်မြောက် ဘုံမဟာကထိန် သင်္ကန်းဆက်ကပ်လှုဒါန်းပွဲကျင်းပ
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ (၁၀၇)ကြိမ်မြောက် ဘုံမဟာကထိန် သင်္ကန်းဆက်ကပ် လှုဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကထိန်ညှပ်မကြီး မဲကျရာ မဟာဝေယံဘုံကျော် ကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စွမ်း ပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံး ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24064
Page
24065
Page
24066
Page
24067
Current page
24068
Page
24069
Page
24070
Page
24071
Page
24072
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department