ထီးချိုင့် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရေး၊ စာပေဗဟုသုတများကို ဆွေးနွေး တတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ဝန်ထမ်း ကျင့်ဝတ် စည်းကမ်းများကို သိရှိနားလည်စေရေး၊ လုပ်ငန်းများလုပ် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်လဲ့လဲ့ခိုင် (ဦးစီးအရာရှိ-တာဝန်ပေး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ဦးစွာပထမ ရှင်းလင်း ပြောကြားကာ နိုင်ငံ့ဝန်ထမ်းများ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်မှ နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းတို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးရဲလင်းထွန်း (ဓါတ်ပုံ-၂)မှ လုပ်ငန်း တာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဦးထွန်းတင့်(လုပ်သားရုပ်သံ)မှလည်း ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊ ဒေါ်ကြယ်စင်လင်းထွန်း(နေ့စား)မှ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း အကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)