အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံး ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို သင်္ချာဉာဏ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့အတွင်း ဈေးဆိုင်များ ရောင်းဝယ်နေကြ သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းနှင့် မြို့အတွင်း ဝင်ထွက်သွားလာနေကြသည့် ပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းတို့ကို  ယနေ့ နံနက် (၉)နာရီ အချိန်ခန့်တွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင် ရာ တာဝန်ရှိသူများတို့က ပူးပေါင်းပြီး လှည့်လည်ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
Nov 19,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ် အောက် အခြေခံပညာကျောင်းသား ကျောင်းသူများအား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက် ၉ နာရီခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
တန်ဆောင်မုန်းလပြည့်နေ့ (ခေါ်) သာမညဖလအခါတော်နေ့သည် မြတ်စွာဘုရားရှင် အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို ဟောကြားတော်မူခဲ့သည့်အတွက် သာမညဖလ အခါတော်နေ့လို့ ခေါ်တွင်ကြပြီး အဆိုပါနေ့ထူးနေမြတ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-မ-က မြို့မ (၁)ကျောင်းတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့လယ်အသင်းနှင့် ဂေါပကအဖွဲ့က ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက် နံနက် ၈ နာရီက စတင်ကာ မအူပင်မြို့ ကမ်းနားလမ်းနှင့် မင်းလမ်းတစ်လျှောက်သို့ အများပြည်သူများ ကုသိုလ်ပြုဖူးမျှော်ရန် ဒေသစာရီ ကြွချီလှည့်လည်ခဲ့သည်။