Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်သားမြို့နယ်တွင် (၁၀၁) နှစ်မြောက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလ (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်းနှင့် (AVIP) ရေးဆွဲခြင်း သင်တန်း ဖွင့်ပွဲကျင်းပ
Nov 19,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ခု (၆)လဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းရေးဆွဲခြင်းနှင့် (AVIP) ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉:၀၀)နာရီ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ၊ ယခု ဒုတိယအကြိမ် ဆေးထိုးနှံခြင်းအဖြစ် သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီပုထိုးများနှင့် စတုဒီသာကျွေးမွေးလှူဒါန်းရာ လာရောက် သူများဖြင့် စည်ကား
Nov 19,2021
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီ ပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် နေရာများတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေးကြေညာ
Nov 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ကာကွယ်ဆေး ထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကစတင်ပြီး တစ်ညအိပ် နှစ်ရက်ခရီးဖြင့် မြစ်ကြီးဘိုးကျေးရွာအုပ်စုနှင့် နတ်မှူးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်းသီဆို…
Nov 19,2021
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ နေပြည်တော်ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးနိုင်ရေးအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီမှ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကသာမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24069
Page
24070
Page
24071
Page
24072
Current page
24073
Page
24074
Page
24075
Page
24076
Page
24077
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department