အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအလျောက် ဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ပြီး ဂေါပကအဖွဲ့များမှ နေ့ထူးနေမြတ်များ၌ ဖူးမြော်ခွင့် ပြန်လည်ခွင့်ပြုခဲ့ရာ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်း၌ ဘုရားဖူးများဖြင့် ပြန်လည်စည်ကားသိုက်မြိုက်ခဲ့သည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေး အုပ်စု အလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင်ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်း ကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက် ထိုးနှံ ပေး လျက် ရှိသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ဒေသခံတောင်သူများမှ တစ်ပိုင်တစ်နိုင် အေလာဂျီ စိုက်ပျိုးရေး လုပ်ငန်းများအား မိသားစုဝင်ငွေ တိုးတက်ရေးအတွက် စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်နှစ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့၊ ရတနာမြေဓမ္မာရုံ၊ ရေနံသာလမ်း၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ဒုတိယအကြိမ် ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ ကျား ၁၆၅ ဦး၊ မ ၂၅၆ ဦး စုစုပေါင်း ၄၂၁ ဦးရှိကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဥ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကဗျာရွတ်ခြင်း အစီစဉ်တွင် စာပေးနှင့် ယဉ်ကျေးမှု ကော်မတီက ရေးသားပြုစုသည့် ကူညီတတ်သော ငှက်ကလေးပုံပြင်နှင့် ကြောက်စရာ ရောဂါကဗျာတို့နှင့် ယနေ့တွင် စာရေးဆရာ ညွန့်လှိုင်ဝင်း ရေးသားပြုစုသည့် နှလုံးသား ဥယျာဉ်ကဗျာ စာအုပ်နှင့် စာရေးဆရာ ပေါက်ပေါက် ရေးသားပြုစုသည့် စာနာ အလိုက်သိစွာ အတွေးအမြင် အနုပညာ စာအုပ်တို့ကို စာအုပ်မိတ်ဆက်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Nov 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဒေသံသန္တရကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်သည်။
Nov 19,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုယ်ရံတောင်စေတီတော်မြတ် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူး၍ (၁၄)ကြိမ်မြောက် ဆီမီးတစ်ထောင် ပန်းတစ်ထောင် လှည့်လည်ပူဇော်ပွဲနှင့် ပထမအကြိမ် ရခိုင်မုန့်တီ စတုဒီသာကျွေး မွေးလှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ (၁၀၇)ကြိမ်မြောက် ဘုံမဟာကထိန် သင်္ကန်းဆက်ကပ် လှုဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကထိန်ညှပ်မကြီး မဲကျရာ မဟာဝေယံဘုံကျော် ကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။