အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်   တောင်သာမြို့နယ်အတွင်း၌  အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃) နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၂၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် (ပထမအကြိမ်)ထိုးနှံခြင်းအား ဘုရားသူံးဆူမြို့ ပြည်ထောင်စုခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီးသူများ အား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာစုရပ်များအလိုက် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ တတိယနေ့အဖြစ် အောင်ဆန်းသူရိယအေးချိုခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ (၂၇) ရက်နေ့မှစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ရာ ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင်အောင်မြင်စွာ ထုတ်ချေးပေးပြီး ဖြစ်သည်။
Nov 19,2021
တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်အတွင်းရှိ ထင်ရှားသော ရွှေမြင့်မိုရ်တောင်ဘုရား၊ မဟာကန်တော်ကြီး၊ ကျိုက်တမော့လဲစေတီစသည့်
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဒေသခံ ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးတစ်ဧက တင်း(၁၀၀) ထွက်ရှိရေး စံပြကွက် (၆၆'× ၆၆')ပတ်လည်(၀.၁၀) ဧကစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည် ရပ်ကွက်ရှိ တောင်သူ ဦးကျော်စံဝင်း၏ ကွင်းအမှတ်(၄) ဦးပိုင် အမှတ်(၂၀)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။