အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်၍ ယမန်ရက်နေ့ နံနက်ပိုင်းကစတင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ပွင့်ဖြူ မြို့နယ် ကျွဲတိကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံတောင်သူများ မွေးမြူထားရှိသော ကျွဲ၊ နွား တိရစ္ဆာန် များအား ခွါနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးနေကြောင်း အဆိုပါ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးထံမှ သိရ သည်။
Nov 21,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်နှစ်ရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် (၃၂) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့ရက်က ကျိုင်းတုံမြို့၊ ကလေးပြုစုရေးဌာနတွင် ကျင်းပသည်။
Nov 21,2021
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ(၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၂) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကို ယမန်ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း(စမ်းကြီး)တွင် ကျင်းပခဲ့သည်။
Nov 21,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူ (၁၅၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုခွဲ(၁၀)စုကို အိမ်ထောင်စု ပုံစံ(၆၆) ပြုလုပ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံ ပြည်သူ များကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။