ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ(၁၅၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ ကွင်းဆင်းဆောင်ရွက်

ရမည်းသင်း နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူ (၁၅၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုခွဲ(၁၀)စုကို အိမ်ထောင်စု ပုံစံ(၆၆) ပြုလုပ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်စီမံချက်ဖြင့် ကွင်းဆင်းဆောက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ပန်းခင်းစီမံချက်၏  ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသား များအား ဥပဒေနှင့်အညီ  ကတ်တစ်မျိုးမျိုး  ထုတ်ပေးရေး၊ ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ် လေးရပ်နှင့်အညီ ဆောင်ရွက်ပေးပြီး  ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရန် အဖွဲ့(၃)ဖွဲ့ခွဲ၍ နိုဝင်ဘာ ၂၁ ရက်၌ ပျားစီအုပ်စုနှင့် ဆည်ကန်အုပ်စုကို လည်းကောင်း၊ ၂၂ ရက်နေ့တွင် အိုင်တိုအုပ်စု၊ အင်းကုန်းအုပ်စုနှင့် သိုက်မြောင်အုပ်စုတို့ကို လည်းကောင်း၊ ၂၃နေ့၌ ဝါးရုံတောအုပ်စုကို လည်းကောင်း၊ ၂၄ ရက်နေ့ ရေဦးအုပ်စုကို လည်းကောင်း၊ ၂၅ ရက်နေ့ ကန်ဦးအုပ်စုတို့ကို အသီးသီးကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုခွဲ ပုံစံ(၆၆)ကို အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက  သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)