အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ အသက် ၁၂နှစ် အထက် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျုံကွယ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Nov 21,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယာဉ်မတော်တစ်ဆဖြစ်ပွားမှု လျော့နည်းစေရန်နှင့် လိုင်စင်မဲ့ယာဉ်များ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်ကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျိုက်မရောမြို့အဝင် လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
Nov 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ကောဖီ အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် (၁၀)နာရီက အင်းကုန်း ကျေးရွာ ချယ်ရီရတနာခန်းမ၌ကျင်းပခဲ့သည်။
Nov 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလိုကြားသိ ခဲ့ ရပါသည်။
Nov 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယမန်နေ့က အထက(၁)၊ အထက(၂)နှင့် အထက(ခွဲ) နမ့်ဆောင်ဟူးကျောင်းတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာစည်း ကမ်းချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 21,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်း သား/ကျောင်းသူ(၉၉၀၁)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို အထက(၁)ပညာရတနာခန်းမနှင့် ဆေးထိုးစုရပ်(၇)နေရာ များတွင်ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက စတင်ထိုးနှံပေးလျက်ရှိသည်။