ကျိုင်းတုံ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် (၃၂) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့ရက်က ကျိုင်းတုံမြို့၊ ကလေးပြုစုရေးဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေး သူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံးသိရှိစေရေးနှင့် ကလေးတိုင်းလက်လမ်းမီ တန်းတူ ညီတူရရှိနိုင်စေရေး၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုမရှိစေရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။
ထို့နောက်ကလေးပြုစုရေးဌာနရှိ ကလေးများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကိုယ်ကာယ အားကစားပြိုင်ပွဲများ ကျင်းပပေးပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်