ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ(၁၃၅၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovacများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဝမ်းတွင်း  နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူ များ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovacအား FirstDose၊ SecondDoseထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဒေသခံ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် SinovaအားFirstDoseSecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာများ အုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် Valunteerများနှင့် ကျောင်းသားကျောင်းသူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅) နှစ်ထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူ (၁၃၅၄)ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ လုပ်အားရှင်များနှင့် ဒေသခံပြည်သူများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရဲ