အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ်ခင်းခြင်းနှင့် လမ်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား တာဝန်ရှိ သူများက ယမန်နေ့ နေ့လည်ပိုင်းကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မိုးစပါး ဆင်းသုခစပါးမျိုး စံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့ ယမန်ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်ရေးဆွဲကာ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 21,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဒုတိယအသုတ် အဖြစ် ယနေ့တွင် သက်ဆိုင်ရာစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
Nov 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် စင်္ကြာဝဠာကိုးနဝင်း ဆုတောင်းပြည့် စေတီ ရွှေထီးတော်တင် ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် ယမန်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
Nov 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အထက-တနင်္သာရီကျောင်းအတွင်း အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် လယ်တန်းကျောင်းသူ/သားများ (၁၉၇)ဦးတို့အား ယမန်ရက် နေ့က (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဆရာမများနှင့် ပညာရေးဌာန ဆရာ/မများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ သတ်မှတ်နေ့ရက် အလိုက်ထိုးနှံပေးကြသည်။