အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် စလေမြို့၌ ယနေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ချောက်မြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ပေးအပ်ခဲ့သည်။
Nov 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ မြို့အဝင်/အထွက် ဂိတ်များတွင် ပြည်သူများအား Mask များကို စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ RDT Test Kit ဖြင့် စစ်ဆေးပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်း စာရင်းကောက်ယူ၍ ထိုးနှံပေးပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၆ နာရီကစတင် ပြုလုပ်ခဲ့သည်။
Nov 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က နားမန်းကျေးရွာ အုပ်စု ဝမ်မိုင်ကောင်းဆန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့​သည်။
Nov 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြု လုပ်သည်။
Nov 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းနှင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့အား ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အမှတ်-၁ အခြေခံ ပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးရာ သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဒေသခံ ပြည်သူများက စိတ်အေးချမ်းစွာ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Nov 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် ဝါဆိုလဆန်းပိုင်းတွင် စတင် စိုက်ပျိုး ကြပြီး၊ တန်ဆောင်မုန်း လတွင် စတင်နှုတ်သိမ်းကြသည့် ဒေသအခေါ် ဝါဆိုပဲ(ခေါ်) ၄လပဲများ စတင် နှုတ်သိမ်းလျက်ရှိပြီး၊ ယခင်နှစ်များထက် အထွက်နှုန်းကောင်းမွန်ကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့်ဆည် အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံ တွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀.၇)ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။