ညောင်ဦးမြို့နယ်တွင် အသက် ၁၂နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ၁၁၈၈ ဦးထိုးနှံပြီး ညောင်ဦး နိုဝင်ဘာ ၂၁ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပ

ညောင်ဦး နိုဝင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၂နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု နိုဝင်ဘာ ၂၁ရက်နေ့ထိ ၁၁၈၈ ဦးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ ပညာရေးဦးစီးဌာ န၊မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးထံကသိရသည်။

အဆိုပါ အသက် ၁၂နှစ်အထက် ကျောင်းသားကျောင်းသူများဆေးထိုးသည့်သတ် မှတ်စုရပ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကျောင်းသားကျောင်းသူ များအား ထိုးနှံပေးနိုင်ရန်သတ်မှတ်စု ရပ်နေရာများတွင် ထိုးနှံပေးနိုင်ရေး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊မိဘဆရာတာဝန်ရှိသူများ၊ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ သင်ကြားရေးဆရာဆရာမများပူးပေါင်းကာကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနေလျှက်ရှိ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသားကျောင်းသူ ၂၄၂၁ဦး ရှိပြီး သတ်မှတ်စုရပ်များဖြစ်သည့် မူလွန် စက်စက်ယို၊ ငါ့သရောက် အထက၊ ကြအို အထက၊ တက်မ အထက၊ ညောင်ဦး အထက၊ တောင်ဇင်း အထက၊ ပုဂံ အထကနှင့် လက်ပံခြေပေါ်အထကတို့တွင် ကာကွယ်ဆေးထိုးအဖွဲ့ ကျန်းမာရေးဦးစီးဌာနမှတစ်ဖွဲ့လျှင် ၂၃ဦးတို့ဖြင့် ထိုးနှံပေးနေပြီး နိုဝင်ဘာ ၂၁ရက်၊နံနက်ပိုင်းအချိန်ထိ ကျောင်းသား ကျောင်းသူ ၁၁၈၈ ဦးထိုးနှံပေးနိုင် ခဲ့ပြီဖြစ်ကာ ဆေးခွဲတမ်းရရှိသည့်အပေါ်ဆက်လက်ထိုး ပေးလျက်ရှိကြောင်း သိရ သည်။

ကိုထိန်၊KPD