နောင်ချိုမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ကာကွယ်ဆေးဆက်လက်ထိုးနှံ

နောင်ချို    နိုဝင်ဘာလ    ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ယမန်နေ့က အထက(၁)၊ အထက(၂)နှင့် အထက(ခွဲ) နမ့်ဆောင်ဟူးကျောင်းတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာစည်း ကမ်းချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတား ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပေးပြီးမှ စိတ်ချရသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား မိနစ် (၃၀)အနားယူစေကာ ကျန်းမာရေးစောင့် ရှောက်မှု များကို လည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အခြေခံပညာကျောင်းများ အခြေပြု၍ အသက်(၁၂)အထက်‌ ကျောင်း သား၊ ကျောင်းသူများကို ဆေးထိုးစုရပ်များ သတ်မှတ်ထားပြီး စုရပ်(၃)ခုဖြစ်သည့် အထက(၁)၊အ.ထက(၂)နှင့် အထက(ခွဲ)နမ့်ဆောင်ဟူးကျောင်းတို့တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး (ဒုတိယအကြိမ်)ကို ဆက်လက်ထိုးနှံပေး လျက်ရှိပြီးဆေးထိုးရန်ကျန်ရှိသည့် ကျောင်း သား၊ ကျောင်းသူများအား နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စုရပ်အသီး သီး၌ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ထွေးငယ်