မိုင်းလုံ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလိုကြားသိ ခဲ့ ရပါသည်။
အဘွားအမည်က ဒေါ်မွန်း အသက်(၈၃) နှစ်၊ အထက်ရပ်ကွက်၊ မိုင်းလုံမြို့မှာနေပါတယ်။ အဘွားတို့မြို့မှာ ကိုဗစ်-၁၉ပိုးတွေ့လူနာများလာပြီးနောက်ပိုင်း အဘွားတို့မိသားစု(၂) ယောက်မှာ သမီးက(positive)အရင်ဖြစ်ပြီး အဘွားကနောက်မှဖြစ်တာပါ။ သမီးနဲ့ အနီးကပ် ထိတွေ့နေတော့ အဘွားကိုလည်း ကူးစက်သွားတယ်။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ အသက်ရှုမဝသောကြောင့် အောက်ဆီဂျင်ပေးရပါတယ်။ ဆရာပေးတဲ့ဆေးတွေကို ပုံမှန် သောက်ပြီးတော့ (၁၂)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေမရှိတော့ဘူး။ အောက်ဆီဂျင်တော့ မဖြုတ်ရသေးဘူး။ Quarantine Centre မှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန်သောက်ပါတယ်။ ကိုယ်ခံအားကောင်း လာအောင်အဟာရပြည့်မဲ့ အစားအသောက်တွေကို ပုံမှန်စားပါတယ်။ အဓိကတော့ ဆရာကရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့်Quarantine Centre မှာ (၁၅)ရက်နေပြီး အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ပေမဲ့ အောက်ဆီဂျင် ကတော့ မဖြုတ်ရသေးဘူး။ အိမ်မှာ (၆)ရက်နေပြီးမှ အောက်ဆီဂျင်ကိုဖြုတ်ရပြီး ပုံမှန်အတိုင်း နေထိုင်လို့ အဆင်ပြေသွားတယ်။ အောက်ဆီဂျင်ကိုရက်(၂၀)လောက် ရှုရတော့ နေရထိုင် ရခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မလျော့ပဲ ကြိုးစားပြီးနေထိုင်ခဲ့တဲ့အတွက် အခုတော့အဘွားက အရင်လိုပြန်လည်ကျန်းမာပြီ လို့ပြောကြားခဲ့ပါတယ်။
အဘွားအနေနဲ့အကြံပြုချင်တာက ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသမှ ရောဂါအခြေအနေမဆိုးပဲ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်းသွားလာ လှုပ်ရှား လို့ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ၊ စိတ်ဓာတ်လုံးဝ မကြပါနဲ့၊ ရောဂါသက်သာပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရ ပြည့်ဝအောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာတွေရှောင်ကြဉ်ပါ၊ အဆုတ်ကို ပြန်လည် အားကောင်း စေမဲ့အသက်ရှူလေ့ကျင့်ခန်းကို ခကြာခဏလုပ်ပေးပါလို့ အကြုံပြု ပြောကြားခဲ့ ပါတယ်။
ဇော်ဇော်