အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ(၉၉၀၁)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး လျက်ရှိ

အမ်း  နိုင်ဝင်ဘာလ  ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်း သား/ကျောင်းသူ(၉၉၀၁)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို အထက(၁)ပညာရတနာခန်းမနှင့် ဆေးထိုးစုရပ်(၇)နေရာ များတွင်ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက စတင်ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ်တွင် အခြေခံပညာ အထက(၁၁)ကျောင်း၊ အထကခွဲ(၁၁)ကျောင်း၊ အလက(၂၇)ကျောင်း၊ အလကခွဲ(၂၈)ကျောင်း၊ မူလွန်(၃၅)ကျောင်း၊ ကိုယ်ပိုင် အထက် တန်း ကျောင်း(၂) ကျောင်း၊ စုစုပေါင်း(၁၁၄)ကျောင်းမှ  အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်းသူ(၉၉၀၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ အထက(၁)၊ စခန်းမော်(အထက)၊ တပ်တောင် (အထက)၊ မင်းတက်(အထက)၊ တလိုင်း တောင်(အထကခွဲ) ပဒဲကြော၊ ရှုး(အထက)၊ ကျောက်မြောင်း(အထက) စုရပ်(၇)ခုတွင် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/ ကျောင်းသူများကို ဒုတိယအကြိမ် စနစ်တကျ ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာ ရေးမှူး ဦးကိုကြီးနှင့် တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဝင်များက ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာအနားယူပြီးမှပြန်ခွင့်ပြုခြင်းတို့ကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

 စိုးမင်းထွန်း