အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့ နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Nov 22,2021
ဟားခါးမြို့၌ ယမန်နေ့တွင် သံသယရှိသူ ၁၁ ဦးကို Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
Nov 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ကို ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 22,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် အသက်အရွယ် ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း သတ်မှတ်စုရပ်ကျောင်းများအလိုက် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ(၂၁)ရက်နေ့က အ.လ.က(ခွဲ) မရွှေဥနှင့် အ.လ.က(ခွဲ) (သရက်ခြံ)ကျောင်းတို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယခုအခါ ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှ သိရှိရ သည်။
Nov 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး ဓာတ်ပုံများ၊ စာစောင်များ ကို နံရံကပ်ပြဘုတ်ပြုလုပ်၍ ယမန်နေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
Nov 22,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ် သံဃနာယကအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ဘာသာရေး ခေါင်းဆောင် အသီးသီးမှ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ကြသော အောက်ဆီဂျင်စက်ရုံကို ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။