ဒေးဒရဲမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ ရွာဟောင်း ကွင်း၊ ကွင်းအမှတ် (၂၄၈)ရှိ တောင်သူ ဦးယောဟန်၏ စိုက်ဧက (၇.၀၄)ဧကအတွင်းရှိ စိုက်ခင်းအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနက ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရိတ်သိမ်းပွဲ အခမ်းအနားသို့ ဖျာပုံခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး မိုးဦးကာလ စိုက်ပျိုးထားသော ပေါ်ဆန်းရင် စပါး (သင့်-ကိုယ်စားပြု)စံကွက်အား ဒေသခံတောင်သူ များနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ စပါး ၁ဧကအထွက် (၅၄ဒဿမ ၁၃တင်း)ထွက် ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။

အေဇာလင်း