လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး လျက်ရှိ

လှိုင်းဘွဲ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစား များကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀) ကျော်ရှိပြီး ပင်စင်စားအငြိမ်းစား ဝန်ထမ်းများ အနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်း သာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ် (၂၁) ရက်နေ့ နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းအနေဖြင့် ပင်စင် လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်း များ တပ်ဆင်ခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)