ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် အမျိုးသာရေးစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ ပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက် ၉ နာရီက ဘဏ်ငွေလာရောက် ထုတ်ယူသော ပင်စင်စားပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာစသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ပြီး လက်ကမ်းစာစောင်ရေ (၁၅၅)စောင်အား ဖြန့်ဝေပေးခဲ့ပြီး နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် လက်ကမ်းစာစောင်များအား ဆက်လက် ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)