မိုင်းရယ် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက်က မိုင်းရယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း အသိပညာပေးဆော်ဩမှုများ ပြုလုပ်သည်။
အဆိုပါ ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်။
မိုင်းရယ်ပြန်/ဆက်