ဒေးဒရဲ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်မှု ရှိစေရေးနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း မရှိသည့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက စည်ပင်သာယာမြို့မစျေး အပြင်ဘက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးထွေးသိန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးသိန်းမောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါပြီး စည်ပင်သာယာမြို့မစျေး အပြင်ဘက်တွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်မှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြပ်မတ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း