မန္တလေး နိုဝင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့်၁၀၃ လမ်းထောင့်တွင် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင် နှင့်ဝန်ထမ်းများက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာပြည်သူများ၊ ဈေးများ၊ ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားရာနေရာများသို့ သွား ရောက်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ပညာရေးကဏ္ဍသည်အရေးကြီး၊အမျိုးသားရေးစိတ်ဓါတ်၊ဘုန်းရှင့်မြန်မာတို့မြန်မာ၊၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသား ပညာရေး အစရှိသော အကြောင်းအရာများပါရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)