အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Nov 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများ ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာမျာ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်သက်မွေးပညာ သင်တန်း ကျောင်းဝန်းအတွင်း (RCC) နှစ်ထပ်သင်တန်း ခန်းမဆောင်အဆောက်အဦ တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Nov 23,2021
သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုစစ်တုရင်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန (Communty Center)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွက် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြသ ဆောင်ရွက်ခဲ့သည်။
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအား စာပေဖတ်ရှု လေ့လာနိုင်စေရန် ရည်ရွယ်၍ မိုဘိုင်းစာကြည့်တိုက် စနစ်ဖြင့် ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနများသို့စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။