ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအသုတ် (ဒုတိယအကြိမ်) နှင့် တတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆက်လက်ထိုးနှံ

ပင်လောင်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ် ကျေးရွာအုပ်စု၊ ဘန့်ဘာ ကျေးရွာအုပ်စု၊ နန်းတုတ်ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ယနေ့နံနက် (၉) နာရီမှစတင်၍ ဆောင်းပြောင်း ကျေးရွာအ.ထ.က ကျောင်းခန်းမ စုရပ်နေရာ၌ ကွင်းဆင်း၍ ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၀င်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ၊ ကျန်းမာရေးဌာန ၀န်ထမ်းများ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင်  ယနေ့ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးသည့် အသက်(၁၈)နှစ်အထက်ဒေသခံ ပြည်သူများ မှာ ဒုတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ၁၆၁ ဦး၊ တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ၁၃၀၅ ဦးတို့ဖြစ်ကြောင်းနှင့် ကျန်ရှိ သည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)