အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ (၃၁၅)ဦး ရှိကြောင်း သိရသည်။
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
Nov 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် လွိုင်ခမ်း အမျိုးသမီးအဖွဲ့တို့ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) လူထု အခြေပြု ဗဟိုဌာနခန်းမတွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲအား ကျင်းပပြုလုပ်ရာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းဦးခမ်းမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်း ရှင်းလင်းပြောကြား ပေးခဲ့သည်။
Nov 23,2021
နှစ်ရှည်စပါး(Perennial Rice-PR) (၄) မျိုးဖြစ်သည့် PR-23, PR-25, PR-101 နှင့် PR-107 တို့ကို စမ်းသပ်စိုက်ကွင်းများဖြင့် သုတေသနပြုဆောင်ရွက်နေကြောင်း မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဌာနမှ သိရသည်။
Nov 23,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဆောင်ရွက်သည့် ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးသင်တန်းအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ် ဆောင်ရွက်သည်။
Nov 23,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ် အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ် အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာစသည့်