မော်လမြိုင်ကျွန်းမြို့နယ်တွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်

မော်လမြိုင်ကျွန်း၊ နိုင်ဝင်ဘာ ၂၃

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဆောင်ရွက်သည့်  ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးသင်တန်းအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ် ဆောင်ရွက်သည်။

 အဆိုပါ သင်တန်းအား သင်တန်းသား ၂၀ ဦးဖြင့်   နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကာလ ၂ ရက်တာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မွေးမြူသူတောင်သူများမှ တိရစ္ဆာန်များတွင် ဖြစ်ပွား တတ်သော ကူးစက်ရောဂါများအကြောင်း သိရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအသိပညာ များ ပိုမိုသိရှိလာနိုင်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွဲဝေချထားသောရန်ပုံငွေဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူဝင်းထံမှသိရသည်။

  

အောင်အောင်