မြင်းခြံ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ် အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ် အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာစသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၉)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နေ့တွင် မြင်းခြံမြို့နယ်မှ အသက်(၅၅)နှစ်အထက် ပြည်သူ (၆၁၀) ဦးကို စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး စုစုပေါင်း (၃၉၆၀) ဦး ရှိပြီဖြစ်ကြောင်း၊ အခြားကျန်ရှိသည့် ပြည်သူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ကတ် (သို့မဟုတ်) အိမ်ထောင်စု လူဦးရေစာရင်းစာရွက် ယူဆောင်လာရန်သာလိုအပ်ပြီး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်