အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ ဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက (ဒုတိယအကြိမ်မြောက်) ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ရှိ ပြည်သူများ၊ သတ်မှတ် ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဂွမြို့စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ဆပ်သွား(အ.ထ.က)နှင့် ကျိန္တလီထွေ/အုပ် ခန်းမတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို Four Phase ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့ နံနက် (၉)နာရီ အချိန်က (၁၀၁)နှစ် မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင် ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 23,2021
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့နယ် အမှတ် (၂)နှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ “၁၀၁” နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့အတွင်းရှိ အ.လ.က(၁) ရပ်ကွက်နှင့် အ.လ.က(၄) ရပ်ကွက်​ကျောင်းများတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များအား ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ငွေချည်(၉)ဝါစိုက် တောင်သူများအနေဖြင့် ယခုနှစ် မိုးကာလတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိ၍ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိရာ ယခုဆိုလျင်ဝါများ ကောက်ယူ လျက်ရှိကြောင်း သိရသည်။