အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
Nov 23,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်တွင် ပြည်သူများ ဈေးဝယ်ယူ၊ ရောင်းချနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့နေ့လယ် ၁ နာရီက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးကျင်းပခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 23,2021
နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ကျားကူဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခန်းမတွင် ယမန်နေ့ နေ့လယ် (၂:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Nov 23,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး ၊ ပြည်သူများအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကာ ဗိုလ်မှူးဖိုးကွန်းလမ်း အနောက်ဘက်မုခ်ဦးနှင့် စစ်တောင်းတံတားထိပ်တို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးသည်။
Nov 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ယူ အခမဲ့ထုတ်ဝေသည့် နို၀င်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာဈေးနှင့် လူအသွားအလာများသော လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။