တပ်ကုန်း နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင့်တင့်ခိုင်က အဖွင့် အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ကျောင်းသား/သူ ကလေးငယ် (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိသည့် ကျောင်းသား /သူကလေးငယ်များကို ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)၊ (Star Crown) မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်ဝေဝေဖြိုးနှင့် ကျောင်းသား မိဘတို့က ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
တင်စိုးလွင်