(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲကျင်းပပြုလုပ်

လွိုင်လင် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် လွိုင်ခမ်း အမျိုးသမီးအဖွဲ့တို့ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) လူထု အခြေပြု ဗဟိုဌာနခန်းမတွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲအား ကျင်းပပြုလုပ်ရာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းဦးခမ်းမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်း ရှင်းလင်းပြောကြား ပေးခဲ့သည်။

ဆက်လက်၍ လွိုင်ခမ်းအမျိုးသမီးအဖွဲ့၊ စာရေးဆရာမ သန်းသန်းညွန့်(လွိုင်လင်)မှ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်း ဟောပြောပေးခဲ့ကာ အလယ်တန်း/ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူလေးများမှ အရုပ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း တို့ကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ယင်းနောက် ဆုရရှိသော ကျောင်းသား၊ သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများ၊ ကျောင်းသား/ သူများနှင့် စာဖတ်ပရိသတ်များမှလဲ စာအုပ်ပြပွဲအားကြည့်ရှု့အားပေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အမျိုးသားအောင်ပွဲနေ့ လက်ကမ်း စာစောင်များအား ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)